Skip to main content

ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၉

ကိုဗစ် - ၁၇ ရောဂါဖြစ်ပေါ်မှု အခြေအနေများကြောင့် ဖူးမြော်ခွင့် ယာယီရပ်ဆိုင်းထားရှိသည့် နိုင်ငံတစ်ဝန်းမှ ဘုရား၊ စေတီပုထိုးများကို ကိုဗစ် -၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုတရားဘာဝနာ ပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ ဖူးမြော်ခွင့်ပြုခဲ့သည်။

ထိုသို့ အများပြည်သူဖူးမြော်နိုင်ရေး ခွင့်ပြုပေးခဲ့ရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ဗိုလ်တထောင်စေတီတော်၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ သန္တိစေတီတော်မြတ်ကြီးတို့အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ လာရောက်ဖူးမြော်ကြည်ညိုကြသူ ဘုရားဖူးလာသံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ မိဘပြည်သူများသည် ကိုဗစ် -၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ဖူးမြော်ကုသိုလ်ယူလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်