Skip to main content

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး ထားဝယ်မြို့နယ် သပြေချောင်းကျေးရွာရှိ သပြေချောင်းဘုန်းတော်ကြီးကျောင်းတိုက်သို့ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ ၉

ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းကိစ္စများ အဆင်ပြေစေရန်အတွက် တိုင်းစစ်ဌာနချုပ်များအလိုက် လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိ သူများသည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် သပြေချောင်းကျေးရွာရှိ သပြေချောင်း ဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဘန္တနန္ဒဝံသ အမှူးပြု သောသံဃာတော်များအား ဖူးမြော်ကြည်ညိုကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့ပြင် နယ်မြေခံတပ်မတော်ဆေးရုံမှ ဆေးကုသရေးအဖွဲ့က သံဃာတော်များအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်