Skip to main content

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ ၈

COVID-19 ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလတွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် ဆွမ်းကိစ္စများ အဆင်ပြေစေရန် အတွက် တိုင်းစစ်ဌာနချုပ်များ အလိုက် လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးသည် အရှေ့တောင်တိုင်း  စစ်ဌာနချုပ် ရေးတပ်နယ်မှ တာဝန်ရှိ သူများနှင့်အတူ မွန်ပြည်နယ်၊ ရေးမြို့၊ ပုဇ္ဇရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပုဗ္ဗရမ္မ အမှူး ပြုသော သံဃာတော်များအား ဖူးမြော် ကြည်ညိုပြီး ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက် တည်ကြသည်။ ထို့နောက် သာသနာရေး ဆိုင်ရာ များ လျှောက်ထားကာ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် အဖွဲ့ဝင်များသည် ရေးမြို့၊ ထန်းခြောက်ပင် ကျောင်းတိုက် သို့ သွားရောက်၍ကျောင်းတိုက်ဆရာတော်သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပုဗ္ဗရမ္မ အား ဖူးမြော်ပြီး သာသနာ ရေးဆိုင်ရာများလျှောက်ထားကာ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့်အဖွဲ့ ဝင်များက ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အောင်သီရိ ဘုရားကုန်းကျောင်းသို့ သွားရောက်၍ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကော သလ္လာနှင့် သီလရှင် ဆရာကြီး ဒေါ်ဓမ္မ ထေရ်ရီထံ ဆွမ်းဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆပ်ကပ် လှူဒါန်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

သတင်းစဉ်