နေပြည်တော် ဖေဖော်ဝါရီ ၈
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်း တွင် မန္တလေးမြို့ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ ဝင်များ သန့်ရှင်း ရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်က တိရစ္ဆာန် ဥယျာဉ်(ရတနာပုံ)တွင် ထိန်းသိမ်းထား ရှိသည့် တိရစ္ဆာန်များကျွေးမွေးရန်အတွက်အလှူငွေပေးအပ် လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ တိုင်းမှူး နှင့် အဖွဲ့ဝင်များသည် တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) ဝင်း အတွင်း မန္တလေးတပ်နယ်မှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များ၏ သန့်ရှင်း ရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရ သည်။
သတင်းစဉ်