နေပြည်တော် ဖေဖော်ဝါရီ ၈
နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီပုထိုးများကို ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ COVID- 19 စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ဖူးမြော်ခွင့်ပြုပေးမည်ဖြစ်ရာ ဘုရားဖူး ပြည်သူများ စိတ်အေးချမ်း သာစွာ ဖူးမြော်ကြည်ညို တရားဘာဝနာပွားများ နိုင်ရေးနှင့် ဘုရားစေတီပုထိုးများ ၏ ပတ်ဝန်း ကျင် သန့်ရှင်းသာယာလှပရေး အတွက် တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ယနေ့တွင်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ မိုးညှင်းမြို့၊ မိုးကောင်းမြို့၊ ဗန်းမော်မြို့၊ မြို့သစ်မြို့၊ ပူတာအိုမြို့နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းဆတ်မြို့နှင့် မိုင်းတုံမြို့၊ မွန်ပြည်နယ် ပေါင်မြို့နယ် နှင့် ကရင် ပြည်နယ် လှိုင်းဘွဲ့မြို့၊ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ အင်းစိန်မြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ လှည်းကူးမြို့နယ်၊ သန်လျင် မြို့နယ်၊ ကျောက်တန်း မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့တို့ရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရား၊ စေတီပုထိုးများ၌ ဘုရားရင်ပြင်တော် များ၊ ကျောင်းဆောင် အဆောက်အအုံများ၊ ဝင်လမ်း၊ ထွက်လမ်းနေရာများနှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တပ်မတော် သားများ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်း သန့်ရှင်းရေးလုပ်ငန်း များ ဆောင်ရွက်ပေးသည်။
ထို့ပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ်၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ကမ်းရိုး တန်း ဒေသ တိုင်းစစ် ဌာနချုပ်၊ ( အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနောကမြောက်တိုင်း စစ်ဌာနချုပ်၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ် ဌာနချုပ် တို့ရှိ နယ်မြေခံ တပ်မတော် သားများနှင့် မိသားစုဝင်များက သက်ဆိုင်ရာ ဘုရား စေတီပုထိုးများ၌ အန္တရာယ် ကင်းပရိတ်၊ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက် ကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးများ နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေး ၍ စေတီတော်များ၌ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်ပြီး စေတီတော် ဂေါပက အဖွဲ့များထံသို့ အလှူငွေ များ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်