Skip to main content

မဇင်းဆည်မှ မြို့ရေပေးဝေလုပ်ငန်းအတွက် MoU လက်မှတ်ရေးထိုးပွဲ ကျင်းပ

ပဲခူး      ဇန်နဝါရီ  ၁၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Win & Win Co., Ltd တို့၏ မဇင်းဆည်မှ မြို့ရေပေးဝေလုပ်ငန်း ဆောင်ရွက်ရန်အတွက် MoU လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မဇင်းဆည်မှ ပဲခူးမြို့အတွင်းရှိ ရပ်ကွက်များ ရေပေးဝေရေး၊ စက်မှုဇုန်များ ရေပေးဝေနိုင်ရေးနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် မြို့ပြအခြေအနေအတွက် ရေပေးဝေနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းကို လည်းကောင်း၊ သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ပဲခူးမြို့အတွက် နိုင်ငံတကာအဆင့်မီ စနစ်ကျသော မြို့ပြရေပေးဝေရေးစနစ်တစ်ခု ဖြစ်ပေါ်လာမှုအပေါ် ကြိုဆိုကြောင်း ကိုလည်းကောင်း၊ Win & Win Co., Ltd မှ တာဝန်ရှိသူတစ်ဦးက ပဲခူးမြို့ ရေပေးဝေနိုင်ရေးအတွက် တင်ဒါစနစ်ဖြင့် လုပ်ငန်းရရှိခဲ့မှုအပေါ် ဝမ်းမြောက်ပါကြောင်းနှင့် အဆိုပါလုပ်ငန်းအား တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်း၊ ဌာနဆိုင်ရာများနှင့် Win & Win Co., Ltd တာဝန်ရှိသူ များက MoU လက်မှတ်ရေးထိုးခဲ့ကြပြီး စာချုပ်များ အပြန်အလှန် လဲလှယ်ကာ၊ အမှတ်တရစုပေါင်း မှတ်တမ်း တင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)