Skip to main content

သုတဝေဖြာသီရိဂေဟာ အသိပညာပေးအစီအစဉ် မိသားစုပြိုင်ပွဲ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

နေပြည်တော်  ဇန်နဝါရီ  ၁၄

သုတဝေဖြာသီရိဂေဟာ အသိပညာပေးအစီအစဉ် (Family Quiz) မိသားစုပြိုင်ပွဲ၏ ပွဲစဉ်(၆)ကို ဇန်နဝါရီ ၁၅ ရက် ညနေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်(၆)၏ စီးပွားရေးဆိုင်ရာ အသိပညာပေးအစီအစဉ်ကို သရုပ်ဆောင် စည်သူမောင်နှင့် ယဉ်လက်တို့က တင်ဆက်ကြမည်ဖြစ်ပြီး မိသားစုလေးစုဖြင့် သုံးပွဲယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဇန်နဝါရီ ၁၅ ရက်နှင့် ဇန်နဝါရီ ၁၆၊ ၁၇ ရက်များတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ညနေ ၆နာရီသတင်းအပြီးနှင့် MRTV Facebook Page တို့၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်