Mar 09, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးရွှေဇင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့နယ် တောမအုပ်စုဥယျာဉ်ကျေးရွာရှိ မိတ္ထီလာတောင်ကန် ဥယျာဉ်မြောင်း ရေသောက်စနစ်အတွင်း နွေနှမ်း (ဆင်းရတနာ ၃) မျိုးများကို ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသော တောင်သူများ၏ ဧက ၅၀ စံပြစိုက်ခင်းကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 09, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် မတ် ၆ ရက်က နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ် မဒန်းဆည် ရေသောက်စနစ်နှင့် ဥတ္တရသီရိမြို့နယ် ဖောင်းလောင်ရေသောက်စနစ်များအတွင်း စိုက်ပျိုးရေပေးဝေနေမှုကို ကွင်းဆင်းစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 09, 2025
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၂၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 09, 2025
သစ်သီးအခြေခံ စားသောက်ကုန်နှင့် ဝိုင်၊ နို့နှင့်နို့ထွက်ပစ္စည်း၊ ကော်ဖီထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ သုတေသနဌာနခွဲ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နေပြည်တော်ရှိ ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့်တက်ရောက်၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၊ MSME Agency မှ တာဝန်ရှိသူများ၊ စားသောက်ကုန်ထုတ်လုပ်သည့် တတ်သိပညာရှင်များ၊ MSME လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 09, 2025
ပြည်သူလူထုလိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများ တိုးတက်ရရှိစေရန်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသောဝန်ထမ်းများ ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) ရဲရွာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 09, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဝန်ကြီးဌာနလက်အောက်ရှိဌာနများက မန္တလေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရန် မတ် ၆ ရက် မွန်းလွဲပိုင်းက ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်မှမန္တလေးသို့ အမှတ် (၂၇) အဆန်လေအိတ်ရထားဖြင့်ထွက်ခွာ၍ ရထားလမ်းပိုင်းကြံ့ခိုင်မှုကိုစစ်ဆေးပြီး ပိုမိုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန်များကို တာဝန်ရှိသူများအားမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 08, 2025
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တနင်္သာရီတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အတူ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 08, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှည်းကူးမြို့နယ် လှည်းကူးအားကစားကွင်းသို့ ရောက်ရှိပြီး နွေရာသီဘောလုံး၊ ပြေးခုန်ပစ်၊ သိုင်းနှင့် ဘတ်စကက်ဘောအားကစားသင်တန်း တက်ရောက်နေသော သင်တန်းသား သင်တန်းသူများ၊ လှည်းကူးမြို့နယ် U-18 ဘောလုံးအသင်း လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အားကစားနည်းအလိုက် အခြေခံနည်းစနစ်ကောင်းမွန်စေရန်၊ နည်းစနစ်မှန်ကန်စေရန်၊ ကြံ့ခိုင်မှုနှင့် သက်လုံကောင်းမွန်စေရန် မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
၂၀၂၅ ခုနှစ် နေပြည်တော် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 08, 2025
၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်ကာလ နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 08, 2025
နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ ပြည်သူ့ဆေးရုံနှစ်ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါဆေးရုံ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 07, 2025
ပြည်တွင်းသံထည်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ခေတ်မီသံထည်/သံပုံသွင်း နည်းပညာများအသုံးပြုပြီး အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်တိုးတက်ရရှိရေးတို့အတွက် ညှိနှိုင်းဆွေးနွေးသည့်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 07, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့သို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ဟိုင်းကြီးကျွန်း မြို့ရှောင်လမ်း အရှည်တစ်မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 07, 2025
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 07, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ရှိ အားကစားကွင်း/အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး နွေရာသီအခြေခံအားကစားသင်တန်းတွင် ပါဝင်တက်ရောက်လျက်ရှိသည့် သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 07, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်ကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 07, 2025
မြန်မာနိုင်ငံမှထွက်ရှိသည့် ဝါဂွမ်းများအနက် ပြည်တွင်းသုံးစွဲ၍ ပိုလျှံသည့်ဝါဂွမ်းများကို နိုင်ငံတကာအရည်အသွေး သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 07, 2025
မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း (၂၀၂၂)ဖြင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနက ဆောင်ရွက်သော နေရောင်ခြည်စွမ်းအင်ပြခန်းနှင့် ဆိုလာသင်တန်းစင်တာဖွင့်ပွဲ၊ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ဓာတ်ခွဲခန်းစင်တာဖွင့်ပွဲနှင့် ဆိုလာစနစ်များအသုံးပြုမှုမြှင့်တင်ရေး နှီးနှောဖလှယ်ပွဲအခမ်းအနားများကို ယနေ့တွင် ရန်ကုန်မြို့ရှိ အဆိုပါဦးစီးဌာန၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Dr. Zheng Zhihong၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ၊ စက်မှုလက်မှုနှင့် ဆိုလာကုမ္ပဏီများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 07, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန ပထမဒုတိယဝန်ကြီး Mr. Pavel Sorokin နှင့် ရုရှားနိုင်ငံတော်ပိုင် ရေနံနှင့်ဓာတ်ငွေ့ကုမ္ပဏီ “Zarubezhneft” မှ နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲ Mr. Alesksander Boldyrev တို့ကို ယမန်နေ့နံနက် ၉ နာရီခွဲက မော်စကိုမြို့ရှိ Radisson Collection ဟိုတယ်၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 07, 2025
သီတဂူကေတုမတီ အာယုဒါနဆေးရုံတော်ကြီးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့သစ် သီတဂူကေတုမတီအာယုဒါနဆေးရုံကြီး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Mar 07, 2025
လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၂/၂၀၂၅)အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ(၁)နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ သီးခြားဖိတ်ကြားထားသည့်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
