Sep 22, 2025
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသည့် ဒုတိယအကြိမ် နိုင်ငံတကာ နည်းပညာကွန်ဂရက် (The Second International Technology Congress-ITC) သို့ တက်ရောက်ရန် စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့မှ ရုရှားနိုင်ငံ မော်စကိုမြို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး စက်တင်ဘာ ၂၀ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
Sep 22, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် မင်းဓမ္မလမ်းပေါ်ရှိ အနုပညာဗဟိုဌာန (Myanmar Art Center - Yangon) သို့ ရောက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Sep 20, 2025
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူမှုရေးပင်စင်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ဆောက်လုပ်ရေး၊ လမ်းတံတားနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
Sep 20, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Sep 20, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ POLYTECHNIC UNIVERSITY (MYEIK) ကို ယနေ့သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 20, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများ ဒုတိယစာသင်နှစ်ဝက်စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။
Sep 20, 2025
ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၌ ၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်ရွေးချယ်ရေးအတွက် သင်တန်းသားရွေးချယ်ရေးအဖွဲ့၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 20, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင် (Guilin) မြို့၌ ကျင်းပသည့် အာဆီယံ - တရုတ် ဆောက်လုပ်ရေးဝန်ကြီးများ စားပွဲဝိုင်းအစည်းအဝေးနှင့် နန်နင်း (Nanning) မြို့၌ ကျင်းပသည့် (၂၂) ကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ အာဆီယံ - တရုတ်နိုင်ငံများမှ ဧည့်သည်တော်များနှင့်အတူ တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
Sep 20, 2025
တနင်္သာရီတိုင်းဒေသကြီး၏ ဒေသဝမ်းစာဖူလုံရေး၊ စက်မှုကုန်ကြမ်းသီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ စီမံဆောင်ရွက်ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Sep 20, 2025
ကိုရီးယားသမ္မတနိုင်ငံ SDG group inc နှင့် မြန်မာနိုင်ငံ MCS group Co.,Ltd တို့မှ ဆေးနှင့် ဆေးပစ္စည်းများ ပူးပေါင်းလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 20, 2025
ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးကိစ္စရပ်များအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အမှာစကားပြောကြားသည်။
Sep 20, 2025
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme- UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်အသစ်ဖြစ်သူ Mr. Norimasa Shimo-mura အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 20, 2025
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ် Grand Ball Room ခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 19, 2025
မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)က ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် သဘင်သက်ကြီးပူဇော်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် အင်းစိန်ဘူတာရုံလမ်းရှိ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) မင်းဓမ္မယာယီရုံးသစ်၌ ကျင်းပသည်၊၊
Sep 19, 2025
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့မွန်းလွဲပိုင်းတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ကွဲအက်ခဲ့သည့် ကြမ်းခင်းနှင့်နံရံများ ပြုပြင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Sep 18, 2025
MSME ရန်ပုံငွေထူထောင်ထားရှိမှု၊ ချေးငွေလျှောက်ထားမှုများအား စိစစ်ထုတ်ချေးမှုအခြေအနေနှင့် ဆန်စက်၊ ဆီစက်ချေးငွေထုတ်ချေးမှုလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိစက်မှုဇုန် စီမံခန့်ခွဲရေးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ MSME ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှူး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ MSME ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး၊ MSME လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 18, 2025
တရားမဝင်ပြည်ပထွက်ခွာအလုပ်သမားများလျှော့ချနိုင်ရေး၊ အခြေခံအလုပ်သမားများ၏ လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင်သက်သာချောင်ချိရေး၊ တိုင်းရင်းသားဒေသများမှ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ထိခိုက်လွယ်အုပ်စုများအတွက် အလုပ်အကိုင်ဖန်တီးနိုင်ရေး နည်းလမ်းများနှင့် ပတ်သက်သည့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပသည်။
Sep 18, 2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ငါးလုပ်ငန်းဦးစီးဌာနက (၂ဝ၂၅-၂ဝ၂၆) ခုနှစ်အတွက် သာယာဝတီမြို့နယ် မြစ်မခမြစ်သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက မြစ်မခမြစ်ဖိုးခေါင်တံတား (စံရွေးဘက်ခြမ်း)၌ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်၍ ငါးမျိုးစိုက်ထည့်ကြသည်။
Sep 18, 2025
Naypyitaw State Academy ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်(ဥပဒေ)၊ ပထမနှစ်ဂုဏ်ထူးတန်း၊ ဒုတိယနှစ်ဂုဏ်ထူးတန်း၊ တတိယနှစ်ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်းနှင့် မဟာတန်း ပထမနှစ်သင်တန်းများ၏ ဒုတိယစာသင်နှစ်ဝက် စာမေးပွဲတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို ယနေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။
Sep 18, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာတက္ကသိုလ်(ပြည်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
