Mar 21, 2022
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းသည့် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုလှိုင်သည် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်းနှင့် အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဒါတိုလင် ကျောက်ဟွိုင်တို့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Mar 21, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အတူ မတ် ၂၀ ရက် ညနေပိုင်းက ကော့သောင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်ဖြစ်သည့် မြို့မတံတားသို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ
Mar 21, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မတ် (၁၉) ရက်နှင့် (၂၀) ရက်တို့တွင် ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက်ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းတွင်ပါဝင်သော လမ်း၊ တံတား တည်ဆောက်ရေး လုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
Mar 21, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုတို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ ရတနာပုံအပန်းဖြေဥယျာဉ် တည်ဆောက်မှုလုပ်ငန်းများကို ကြည့်ရှု၍ ပြည်သူများ အနားယူအပန်းဖြေနိုင်မည့် အစီအစဉ်များကို အကြံပြု ဆွေးနွေးကြသည်။
Mar 20, 2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အမြဲတမ်းအတွင်းဝန် ဦးသန်းနိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂)မိုင် ခန့်အကွာ သူဌေးချောင်း ပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ အမှတ်(၄) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ် စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Mar 20, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုပ္ဗသိရီမြို့ ဆင်ဖြူရှင်ရပ်ကွက်၊ အေးမေတ္တာစံ (တောင်နီလေး) ကျောင်းတိုက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု(ဒုတိယအဆင့်) အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ရောက်ရှိပြီး ကျောင်းတိုက် ဆရာတော်အား ဖူးမျှော်ကြည်ညိုကြသည်။
Mar 20, 2022
(၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ ညနေ (၆) နာရီက မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ကျင်းပသည်၊၊
Mar 20, 2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-ဝါးခယ်မ-မြောင်းမြ လမ်းပေါ်ရှိ အရှည် (၇၈၇)ပေ ကျွန်းကုန်းတံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Mar 20, 2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲကို မတ် ၁၉ ရက် မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့ မဉ္ဇူသကခန်းမ၌ ကျင်းပသည်။
Mar 20, 2022
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ အကြိမ် (၃၀) မြောက် ဘွဲ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်းတက္ကသိုလ်များ နယ်မြေရှိ အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Mar 20, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင် မန္တလေးမြို့ ၇၃ လမ်းနှင့် ၁၀၉ လမ်းထောင့်ရှိ မြန်မာအနုပညာဗဟိုဌာန (Myanmar Art Centre) တည်ဆောက်ပြီးစီးမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Mar 20, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင် မန္တလေးမြို့ ၇၃ လမ်းနှင့် ၁၀၉ လမ်းထောင့်ရှိ မြန်မာအနုပညာဗဟိုဌာန (Myanmar Art Centre) တည်ဆောက်ပြီးစီးမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Mar 19, 2022
၂၀၂၂ ခုနှစ် (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းဖွင့်ပွဲ၊ မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
Mar 19, 2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက် ၁၀ နာရီတွင် မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ လိန်ပင် ကျေးရွာတွင် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ဇီဝနည်းပညာသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေသည့် တန် ၁၀၀ နေခြည် သဘာဝဇီဝမြေဩဇာ ရှေ့ပြေးစမ်းသပ်ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
Mar 19, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် ဒေါက်တာဗညားအောင်မိုးနှင့် မန်းငြိမ်းမောင်၊ နယ်စပ်ရေးရာ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးစောထွန်းအောင်မြင့်၊ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့ရှိ Myanmar Lighting (IPP) Power Plant ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 19, 2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၌ လက်ရှိ ဓာတ်အားထုတ်လုပ် မောင်းနှင်လျက်ရှိသော V Power Group Holdings Limited ၏ ကျောက်ဖြူ ၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံနှင့် CNTIC Vpower KY-3 Limited ၏ ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံများ၊ လာမည့်နှစ်အတွင်း ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Kyauk Phyu Electric Power Company Limited ၏ ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဓာတ်အားထုတ်လုပ်မှုနှင့် စီမံကိန်း ဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြကြသည်။
Mar 19, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားကို မတ် ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 19, 2022
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ရွှေညောင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ကလောမြိုနယ် ဟဲဟိုး အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ ကလောမြို့နယ် အောင်ပန်းမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကာ ကျောင်းဆောင်များကြံ့ခိုင်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး ကိစ္စရပ်များကို ကြည့်ရှုစစ်ဆေးသည်။
Mar 19, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မော်လမြိုင်မြို့၊ လူငယ်သင်တန်းကျောင်း၊ ဖူဆယ်အားကစားကွင်းသစ် ဖွင့်ပွဲအခမ်းအနားကို မတ် (၁၇) ရက် နံနက်ပိုင်းက အဆိုပါ လူငယ်သင်တန်းကျောင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့ တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
Mar 19, 2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၀) မှ တာဝန်ယူတည်ဆောက်ပြီးစီးသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူး - အုတ်ဖြတ် - မုန်းလမ်းပေါ်ရှိ အရှည် ပေ (၆၂၀)၊ စစ်တောင်းမြစ်ကူးတံတား (အုန်ဖြတ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကိုဗစ် - ၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
