Mar 24, 2022
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။
Mar 24, 2022
သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ နှစ်(၇၀)မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပသည်။
Mar 24, 2022
ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သားဖွား ခန့်အပ်တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ သူနာပြုတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။
Mar 24, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အာဆီယံလမ်းမကြီး AH 112 ဖြစ်သည့် ထားဝယ် - မြိတ် လမ်းပေါ်ရှိ ကျွဲကူး - ကျောက်ဖျာ တံတား ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရေလယ်တိုင် M-6 ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းနှင့်ငန်း P1 မှ M5 ကြား Plate Girder ငါးခန်း ဆေးသုတ်ခြင်းလုပ်ငန်းများ အပိုင်းလိုက်ဆောင်ရွက်နေမှုကို တာဝန်ရှိသူက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တံတားတစ်ခုလုံး၏ Foundation ကြံ့ခိုင်မှု ၊ Water Level ထိ ချဉ်းကပ်တံတားနှင့် ပင်မရေလည်တိုင် Bored Pile များ၏ Lower Water Level ထိ ရေငုပ်စမ်းသပ် စစ်ချက်ရယူဆောင်ရွက်ရန်၊ P 1 မှ M5 ကြား Plate Girder ၏ သံချေးစား ပျက်စီးမှုများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားပြီး ကျွဲကူး - ကျောက်ဖျာ တံတားပေါ်သို့ လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိတ်ပြည်သူ့ဆေးရုံ တိုးချဲ့ သုံးထပ်ဆောင်သို့ ရောက်ရှိပြီး လက်ရှိဆောင်ရွက်ဆဲဖြစ်သည့် လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ စံချိန်စံညွှန်းပြည့်မီရေး၊ လက်ရာ သေသပ်ကောင်းမွန်ရေး၊ သတ်မှတ်ချိန် ပြီးစီးရေးတို့အား အလေးထားဆောင်ရွက်ရန် မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိတ် ပြည်သူ့ဆေးရုံ သုံးထပ်တိုးချဲ့ဆောင် ဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Mar 24, 2022
ရုပ်ရှင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပြသရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Mar 23, 2022
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းအတွက် ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသော ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
Mar 23, 2022
ဘေးအန္တရာယ်ကျရောက်ပြီးနောက် ထိခိုက်သွားသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရန်နှင့် ထိခိုက်သူများကို စိတ်ဓါတ်ပြန်လည် မြှင့်တင်ပေးရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Mar 23, 2022
(၆၂)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 23, 2022
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်) သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Mar 22, 2022
မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စပါး၊ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းများ ပြည်တွင်း စားသုံးမှုဖူလုံရေး၊ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်ပဈေးကွက်များသို့ စဉ်ဆက်မပြတ်တင်ပို့နိုင်ရေး၊ ပြည်ပပို့ကုန်ဈေးနှုန်းမှန်ကန်ရေးနှင့် စနစ်တကျ ရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 22, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်းနှင့် အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာဒါတိုလင် ကျောက်ဟွိုင်အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
Mar 21, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သည့် ရဲအရာရှိကြီးများပါဝင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အထူးဖိတ်ကြားချက်အရ မတ် ၁၆ ရက်မှ ၁၈ ရက်အထိ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် လူ့အသိုက်အဝန်းနှင့် နိုင်ငံတော် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့် မြင့်နည်းပညာပြပွဲ (EXPOTECXNOSTRAZH-2022) သို့ တက်ရောက်သည်။
Mar 21, 2022
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့်အတူ ယနေ့ နံနက် ၁၀ နာရီတွင် အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)၌ Online ပုံစံဖြင့် ပြုလုပ်သည့် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု များအပေါ် ညှိနှိုင်းပေါင်းစပ်ပေးခြင်း အစီအစဉ်တွင် တက်ရောက်သည်။
Mar 21, 2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့ နံနက်ပိုင်းတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ သံတွဲခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်နယ် / ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ် မှူးများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ် တည်ငြိမ် တိုးတက်ကောင်းမွန်စေရေး တို့အတွက် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
Mar 21, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့် မြင့်ပညာဦးစီးဌာန တက္ကသိုလ်များမှ ပါမောက္ခချုပ်များအား ယနေ့မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ် တွေ့ဆုံသည်။
Mar 21, 2022
နိုင်ငံတကာ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် ကျင်းပသော ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Mar 21, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ လက်ခံတွေ့ဆုံသည်။
Mar 21, 2022
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အာဆီယံ အတွင်းရေးမှူးချုပ် H.E Dato Lim Jock Hoi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 21, 2022
အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သစ်တောသုတေသနဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
Mar 21, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်းနှင့် အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ ဒါတိုလင်ကျောက်ဟွိုင်တို့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
