Apr 26, 2025
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးဌာန ရုံးရှေ့မြက်ခင်းပြင်၌ကျင်းပရာ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 26, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးမြေဧရိယာအတွင်း၌ ငလျင်ဘေးကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းများနှင့် မိသားစုများနေထိုင်ရန်အတွက် ဝန်ကြီးဌာန အင်ဂျင်နီယာအဖွဲ့က ကြီးကြပ်ကွပ်ကဲမှုဖြင့် တည်ဆောက်နေသည့် Steel Structure ယာယီအဆောက်အအုံများ တည်ဆောက်ပြီးစီးမှုနှင့် အဆိုပါ ယာယီအဆောက်အအုံများအတွင်း ဝန်ထမ်းများနေထိုင်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 25, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့နယ် ပေတောကျေးရွာရှိ ပုဂ္ဂလိကဥစား ကြက်မွေးမြူရေးခြံ၌ ဥစားကြက်ကောင်ရေ ၅၀၀၀၀ မွေးမြူထားရှိမှုကိုကြည့်ရှုပြီး ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဥနှင့်အသား တိုးတက်ထုတ်လုပ် နိုင်ရေးဆိုင်ရာများကို အကြံပြုဆွေးနွေးမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 25, 2025
မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတက္ကသိုလ် သုတေသနစင်တာရှိ အစည်းအဝေးခန်း၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 25, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ရွှေတောင်ဘိလပ်မြေကုမ္ပဏီလီမိတက်၏ အပါချီဘိလပ်မြေစက်ရုံ (ပြည်ညောင်) အစည်းအဝေးခန်းမ၌ စက်ရုံမှတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ
Apr 24, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ်နှင့် တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ပြည်ထောင်စုဝန်ကြီးရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 24, 2025
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် နှစ်သစ်တွင် လူသစ်၊ စိတ်သစ်၊ ခွန်အားသစ်များဖြင့် နိုင်ငံ့တာဝန်များ ထမ်းဆောင်နေကြသည့် ဝန်ထမ်းများနှင့် ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 24, 2025
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 24, 2025
မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း H.E. Tun Abdullah Bin Haji Ahmad Badawi သည် ဧပြီ ၁၄ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းအတွက် အမှတ် ၈၂ ပြည်ထောင်စုရိပ်သာလမ်း ဒဂုံမြို့နယ် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံရုံးတွင် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက်လက်မှတ်ရေးထိုးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Apr 24, 2025
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဧပြီ ၂၁ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းအတွက် အမှတ် ၄၆ (စီ) အောင်တော်မူလမ်းသွယ် သံလွင်လမ်း ရွှေတောင်ကြား ဗဟန်းမြို့နယ် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဟိုလီဆီး (ဗာတီကန်မြို့ပြနိုင်ငံ) သံရုံးတွင် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် သွားရောက်လက်မှတ်ရေးထိုးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်