နယ်ရုံးများ၏သတင်းများ

Aug 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စာပေဖတ်ရှုခြင်းအလေ့ အကျင့်ကောင်းများရရှိစေပြီး အမှား၊ အမှန်၊ ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ပြည်သူများလက်ဝယ်အရောက် ငှားရမ်းပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒေါ်နှင်းအိအိခိုင်(စာကြည့်တိုက်လက်ထောက်-၃)နှင့် ဒေါ်အေးအေးသီ(ရုပ်သံကျွမ်းကျင်-၃)တို့က ယနေ့မွန်းလွဲ(၁)နာရီ မြန်မာ့စီးပွားရေးဘဏ်တွင် နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မူကြိုကလေးငယ်များအား ကျန်းမာကြံ့ခိုင်စေရန်နှင့် ပင်ကိုယ်ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားစေရန်တို့ကို ရည်ရွယ်၍ မူလတန်းကြိုအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 09,2022
မန္တလေးတိုင်းဒေသကြီး၊  ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက်ရှိသူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ စုရပ်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Aug 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 08,2022
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ငလျင်ဘေးအန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 08,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်၊ ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ပြန်ဆက်ရုံး Community Centre  ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 08,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်း တို့ပူးပေါင်းကာ ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီအချိန်က ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အဆင့်မြင့်) အပ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
Aug 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ  အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community   Centre ခန်းမတွင်  ပြုလုပ်ဆောင်ရွက်ခဲ့သည်။