ငလျင်ဘေးအန္တရာယ်အကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပ

တောင်တွင်းကြီး ဩဂုတ် ၈

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ငလျင်ဘေးအန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းတို့က ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ ငလျင်မလှုပ်မီ သိရှိ ဆောင်ရွက်ထားရန် အချက်များ၊ ငလျင်လှုပ်နေစဉ် ဆောင်ရွက်ရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရန် အချက်များ၊ ကြိုတင်ပြင်ဆင်ရန် အချက်များ၊ ငလျင်လှုပ်စဉ် အဆောက်အအုံအတွင်းရှိပါက သတိပြုလိုက်နာရမည့် အချက်များနှင့် ငလျင်လှုပ်စဉ် အဆောက်အအုံအပြင်တွင်ရှိပါက သတိပြုလိုက်နာရမည့် အချက်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲ (Talk Show)ကို ပြည်သူများ ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် တောင်တွင်းကြီးမြိုနယ် ပြည်သူ့စာကြည့်တိုက် page တွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)