ထန်းတပင်(ပဲခူး) သြဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်း တို့ပူးပေါင်းကာ ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီအချိန်က ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အဆင့်မြင့်) အပ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ထန်းတပင်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စီစီစိုးဦးက အဖွင့်အမှာစကားပြောကြားပြီး တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းသင်တန်းသို့ ထန်းတပင်မြို့နယ်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ (၂၅) ဦး တက်ရောက်ခဲ့ကြပြီး နည်းပြများက စတစ်ကော်လံအင်္ကျီ၊ ဂျပန်ရင်ဖုံး၊ ဂျပန်လည်ထောင်၊ လေးလွှာစကတ်နှင့် ကုတ်အင်္ကျီ အမျိုးမျိုးတို့အား ဘာသာရပ်များအလိုက် စာတွေ့လက်တွေ့ သင်ကြားပြပေးသွားမှာဖြစ်သည်။
သင်တန်းကာလမှာ ဩဂုတ်လ(၈)ရက်နေ့မှ (၃၁)ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အပ်ချုပ်သင်တန်းတွင် ချုပ်ထည်များကို လက်ရာသေသပ်လှပစွာဖြင့် အပ်ချုပ်နိုင်သည့် အကောင်းဆုံးဆုရရှိသူအား အပ်ချုပ်စက်အစုံတစ်လုံး ဂုဏ်ပြုပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်ထံမှ သိရသည်။
မြို့နယ်( ပြန်/ဆက်)