မန္တလေး သြဂုတ် ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်ရုံး၊ အ.လ.က ထ(ခွဲ) (၂၅)ကျောင်းနှင့် အ.မ.က (မူလွန်) (၂၀)ကျောင်းတို့ပူးပေါင်း၍ စာအုပ်စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာအုပ်စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရးမှူးဒေါ်မြင့်မြင့်သန်းက စာကြည့်တိုက်ရှိ စာအုပ်စာစောင်များအကြောင်းကို သိရှိပြီး လေ့လာဖတ်ရှိနိုင်စေရန်၊ ကျောင်းသား/သူများ အားလပ်ချိန်တွင် စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတများရရှိစေရန်၊ ပန်းချီလေ့ကျင့်ခြင်းအားဖြင့် ကာလာအရောင်များကို စနစ်တကျ သုံးစွဲတတ်စေရန်၊ အနု ပညာကို ငယ်စဉ်ကတည်းက ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြိုင်ပွဲ၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးနှင့်ဝန်ထမ်းများ၊ အ.လ.က ထ(ခွဲ) (၂၅)ကျောင်းနှင့် အ.မ.က (မူလွန်) (၂၀)ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်အောင် (မန္တလေးခရိုင်)