ရှမ်းရွာသစ် သြဂုတ် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၁) နာရီအချိန်က ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် စာအုပ်စာစောင်ပြပွဲနှင့် အရုပ် ဆက် ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြပွဲ/ပြိုင်ပွဲကိုကျင်းပပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများကျောင်းစာတွင် သာမက အဖက်ဖက်တွင် ထူးချွန်သော ကလေးများဖြစ်လာစေရန်ရည်ရွယ်၍ မူလတန်းအဆင့် စာအုပ်စာစောင်ပြပွဲတွင်ကျောင်းသား/သူ(၃၀)ဦးတို့က လေ့လာဖတ်ရှုခဲ့သည်။ ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသား/သူ (၁၀)ဦးတို့က အရုပ်ဆက်ပြိုင်ပွဲကို စိတ်ဝင်စားစွာယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်အများဆုံးရရှိသူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)