ညောင်ဦး ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညောင်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများသို့ ယနေ့မွန်းလွဲ ၂ နာရီအချိန်က နယ်လှည့်ကွင်းဆင်းဟော ပြောပွဲအား ညောင်ဦးမြို့၊ အခြေခံ ပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမ၌ ဟောပြောဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)က လူငယ်နှင့်ဘက်စုံ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူများအား ပညာပေးဟောပြောဆွေးနွေးပြီး ကျောင်းသားကျောင်းသူများကသိရှိလိုသည်များအားပြန်လည်မေးမြန်း ဆွေးနွေးခဲ့ပြီး၊ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ကျောင်းသားကျောင်းသူများ (အခြေခံပညာ) စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာ အကြောင်းပညာပေး ဟောပြောဆွေးနွေးကာ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။ ပညာပေးနယ်လှည့်ဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ ၁၅၀ ဦးနှင့်ဆရာ/မများတက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ