ပိုင်ကျုံ အောက်တိုဘာ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အ.မ.က တနင်းသရောကျောင်း၌ လူကုန်ကူးမှု အန္တရာယ်တားဆီး ကာကွယ်ရေးအကြောင်း သိကောင်းစရာများကို ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ပိုမိုရရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က အသိပညာ ပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်ခူးခူးက ကမ္ဘာပေါ်မှာရှိတဲ့လူသားများဟာ ကုန်စည်ဖလှယ်ခြင်း၊ ရောင်းဝယ်ခြင်းစတဲ့ အလုပ်များကို ရှေးအခါကတည်းက ဆောင်ရွက်ခဲ့ကြကြောင်း၊ လက်နက်ရောင်းဝယ်ခြင်း၊ မူးယစ် ဆေးဝါးရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်းများဟာ လောကမှာအဆိုးရွားဆုံး ကုန်သွယ်မှုဖြစ်ပြီး လူကုန်ကူး ခြင်းဟာ တိုက်ဖျက်ရန် အခက်ခဲဆုံးဖြစ်ကြောင်း၊ လူကုန်ကူးမှုလုပ်ရတဲ့ရည်ရွယ်များ၊ လူကုန်ကူးသူများ လူကုန်ကူးရန် အဓိကပစ်မှတ်ထားသည့်အုပ်စုများ၊ လူကုန်ကူးမှုမှ တားဆီးကာကွယ်နိုင်ရေး ဆောင်ရန်/ရှောင်ရန်အချက်များစသည့် အသိပညာပေးချက်များအား ကျောင်းသားလူငယ်များနား လည်စေရန် စကောကရင်ဘာသာဖြင့် ဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြသထားသော လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်အား ကျောင်းသားလူးငယ်များက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နော်ခူး( ပြန်/ဆက် )