ချမ်းမြသာစည် အောက်တိုဘာ ၄
ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် "လူငယ်နှင့်သုတ/ရသစာပေ"အကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပဆောင်ရွက်မှုကို ယနေ့နံနက် ၁၀ နာရီက ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre တွင်ကျင်းပပြုလုပ်ခဲ့သည်။
Talk Show ဆွေးနွေးပွဲတွင် သုတ/ရသ စာပေဟူသည်၊ သုတ/ရသ စာပေများဖတ်ရှုခြင်း အားဖြင့်ရရှိနိုင်သည့်အကျိုးကျေးဇူးများအကြောင်း လူငယ်များအနေဖြင့် စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ ပိုမိုတိုးတက်စေမည့်အကြောင်း စသည်ဖြင့် အကျယ်တ၀င့် ဆွေ းနွေးခဲ့ကြကြောင်း သိရသည်။
Talk Showဆွေးနွေးခြင်းကို ချမ်းမြသာစည်မြို့နယ်မြို့နယ်၊မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမင်းဏီလူ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်း တို့က ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ခင်စိမ်း၀င်း