တောင်သာ အောက်တိုဘာ ၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ ၃နာရီအချိန်က စာပေမြတ်နိုးသူများအဖွဲ့(Book Club)နှင့်စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့(Book Club)အဖွဲ့ဝင်များမှ စာရေးဆရာ အောင်ကိုဦး(UMK)ရေးသားသော လူငယ်တွေစဉ်းစားဖို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ရာ တက်ရောက်လာ သည့် စာပေဝါသနာရှင်များမှ လူငယ်တွေစဉ်းစားဖို့ စာအုပ်ပါ အကြောင် းအရာများမှ လူငယ်နှင့် အချိန်အခန်းမှာပါရှိသည့်အကြောင်းအရာများအား ဆွေးနွေးရာတွင် လူငယ်တိုင်း အချိန်ကို စနစ် တကျ အကျိုးရှိရှိအသုံးချနိုင်ခြင်းဖြင့် ဘဝတွင် လိုအပ်ချက်များကို လိုအပ်သည့် အချိန်တွင် လိုအပ်သလို ဖြည့်ဆည်းဆောင်ရွက်နိုင်မှာဖြစ်ကြောင်း စသည်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)