မင်္ဂလာဒုံ အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် ယမန်နေ့(၁၁)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းမှ ဆရာမဒေါ်ခင်စန္ဒာမူနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မင်္ဂလာဒုံမြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်မြတ်မွန်ခင်တို့က ဟောပြောခဲ့ကြကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် ဦးစီးအရာရှိ ဒေါ်မြတ်မွန်ခင်က ယခုကဲ့သို့ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အတွက် ဟောပြောပွဲကျင်းပပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆရာများ၏ဂုဏ်ကျေးဇူးကို အထူးသိရှိနားလည်ကြစေရန် ဟောပြောဆွေးနွေးခဲ့ပြီး ဆရာမဒေါ်ခင်စန္ဒာမူမှ ကျောင်းသား၊ ကျောင်းသူများလိမ္မာရေးခြားရှိပြီး စာတော်အောင်ကြိုးစားကြစေလိုကြောင်းနှင့် ဆရာများက သွန်သင်ဆုံးမပေးခြင်းကို နားလည်ကြစေလိုကြောင်း ဟောပြောဆွေးနွေးခဲ့သည်။
မြတ်မွန်ခင် (မင်္ဂလာဒုံ)