နတ်တလင်း ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အထက်တန်းအဆင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးပန်းချီပြိုင်ပွဲကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က ယခုလိုပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးပြီးစာပေကို ချစ်မြတ်နိုးတတ်လာသူများဖြစ်လာစေရန် ကာယ၊ ဉာဏဆိုင်ရာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် တတ်သည့် အလေ့အကျင့်များရရှိစေရန်၊ ဒုတိယဦးစီးမှူး ဒေါ်ထားထားဦးက မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီးပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် အထက်တန်းအဆင့် မူးယစ်ဆးဝါးအန္တရာယ် အသိပညာပေးပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ပါဝင် ယှဉ်ပြိုင်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆုများနှင့် အမှတ်တရလက်ဆောင်များ အဖြစ် ဗလာစာအုပ်များကို ပေးအပ်ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးတက်ရရှိစေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေးများ မြင့်မားလာစေရန်အတွက် ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ လူငယ်စကားဝိုင်းများ၊ အသိပညာပေး ဟောပြောပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထားထားဦး(ပြန်/ဆက်)