မချမ်းဘော့ ဖေဖော်ဝါရီ ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘော့မြို့၌ ၂၀၂၃ခု နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Show ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မချမ်းဘော့မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားကာ ဦးစီးအရာရှိ ဒေါ်နီနီလွင်က ပြည်ထောင်စုစိတ်ဓာတ်၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ပြည်ထောင်နေ့နှင့်ပတ်သက်၍ တိုင်းရင်းသားညီအစ်ကို မောင်နှမများထံသို့ တိုက်တွန်းချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မချမ်းဘော့မြို့နယ် ရုံးအနေဖြင့် နယ်လှည့်စာကြည့်တိုက်များ၊ အသိပညာပေးဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများ၊ လူငယ်စကားဝိုင်းများနှင့်ပြပွဲ၊ ပြိုင်ပွဲများကိုသက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ အစဉ်သဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော့)