နယ်ရုံးများ၏သတင်းများ

Dec 29,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများ၊ ပြည်သူလူထုများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 29,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊မြစ်သားမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီလ ၄ ရက် နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအလယ်တန်း အဆင့်နှင့်မူလတန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Dec 29,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခြေခံပညာ အထက်တန်းကျောင်းတွင် သွားရောက်အသိပညာပေးဖြန့်ဝေပေးခဲ့ကြသည်။
Dec 29,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ ထုတ်ဝေသည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့နယ်အတွင်းရှိ  အမှတ်(၂)၊ အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ-အုန်းတပင်) ကျောင်းများရှိ  ကျောင်းသား/သူများထံသို့ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
Dec 29,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှါးရမ်းပေးခြင်းကို  ယနေ့နေ့လယ် ၁၁ နာရီ  က  နယ်လှည့်စာကြည့်တိုက်ကို လိပ်သိုမြို့ အမှတ်(၁) ရပ်ကွက်သို့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Dec 29,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက ပြုလုပ်ခဲ့သည်။
Dec 29,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြာပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နေ့လယ် ၁ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်ကြသည်။
Dec 29,2022
ရှမ်းပြည်နယ်၊ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ ကျောင်းသား/သူလေးများ ကာယစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်က ကျင်းပခဲ့သည်။