လဲချားမြို့နယ် (Community Centre)ခန်းမတွင် လူငယ်နှင့်အောင်မြင်မှု အသိပညာပေး (Talk Show) ကျင်းပ

လဲချား မတ် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် လူငယ်နှင့်အောင်မြင်မှု အသိပညာပေး (Talk Show)ကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ပါသည်။

အဆိုပါ အသိပညာပေး (Talk Show)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ  ကျောင်းသား/သူ လူငယ်များ အသိပညာ ဗဟုသုတရရှိစေရန်အတွက် “အောင်မြင်မှုဆိုတာ ဘယ်လိုအရာမျိုးကိုခေါ်သလဲ၊ အောင်မြင်မှုရဖို့ဆိုရင် လူငယ်တွေအနေဖြင့် ဘယ်လိုအ​ရာတွေလိုအပ်သလဲ၊ အောင်မြင်သူတွေရဲ့ အတွေးအခေါ၊ အယူအဆ၊ အပြုအမူ၊ အနေအထိုင်တွေ ဘယ်လိုရှိတတ်သလဲ” စသည့်အကြောင်းအရာများကို ကျောင်းသား/သူ လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်နိုင်စေရန် (Talk Show)ကို ဆောင်ရွက်ခဲ့​သည်။

ထိုသို့ အသိပညာပေးဆောင်ရွက်မှုများကို We Love Laikha Page တွင် ဝင်ရောက်ကြည့်ရှုနိုင်​ရန် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လဲချား (မြို့နယ်၊ ပြန်/ဆက်)