ရန်ကင်း မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းသား/သူ လူငယ်မောင်မယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ထူးချွန်ထက်မြက်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ(အခမဲ့)သင်တန်းကို ယနေ့နံနက် ၉:၃၀ နာရီက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်း မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး၊ စာရေးဆရာ စိုးမြင့်ဒွဏ်း(အာယုဗ္ဗေဒ)က အနာဂတ်အတွက် တန်ဖိုးထားရမည့် မျိုးဆက်သစ်လူငယ်၊ ကျောင်းသား/သူများသည် အမိနိုင်ငံအတွက် ကြိုးစားအားထုတ် ကြရမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်ပါက နိုင်ငံတကာအလယ်တွင် ဂုဏ်ယူနိုင်မည်ဖြစ်ကြောင်း ဆုံးမစကားချီးမြှင့်ခဲ့သည်။
ထို့နောက်အခြေခံအင်္ဂလိပ်စာသင်တန်း နည်းပြဦးသန်းဌေးဇော်မှ အင်္ဂလိပ်စာသင်တန်းကို ၁၅.၃.၂၀၂၃ ရက်နေ့မှ ၂၄.၃.၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး Basic English Course သင်တန်းသို့ စာရေးဆရာ စိုးမြင့်ဒွဏ်း(အာယုဗ္ဗေဒ)၊ စာရေးဆရာမ မြမဥ္ဇူဝေ (ကျုံမငေး)၊ စာရေးဆရာမ မေမြတ်စန္ဒါနှင့် စာရေးဆရာများ၊ ကျောင်းသား/သူ (၂၁)ဦး တက်ရောက်ခဲ့ကြပြီး မြို့နယ်ဦးစီးမှူးမှ အအေးဘူးများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)