သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ပုံတူပန်းချီ ပြိုင်ပွဲပြုလုပ်

သံတောင်ကြီး   မတ်   ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက် Community Centre တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျောင်းသူ/ ကျောင်းသားများ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေရန် ပြိုင်ပွဲများပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲများဆောင်ရွက်ပေးခြင်းဖြင့် ကလေးငယ်များ ဉာဏ်ပညာစွမ်းရည်အတွေးအခေါ်စွမ်း ရည်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထ များရှိစေရန် ယခုကဲ့သို့ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြစ်ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံတူပန်းချီပြိုင်ပွဲနှင့် ဘိုးလင်းပစ်ပြိုင်ပွဲကိုပြုလုပ်ဆောင်ရွက်ပေးရာ ကျောင်းသူ/ကျောင်းသားများ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူ များအား မြို့နယ်ဦးစီးအရာရှိနော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ