လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့ရေသယံဇာတနေ့” အထိမ်းအမှတ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

လိပ်သို  မတ်  ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ရေသယံဇာတနေ့” အထိမ်းအမှတ်အဖြစ် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်    ပြသခြင်းတို့ကို  မတ်လ ၁၆ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်က  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က သဘာပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုဆိုင်ရာ ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများအား သိရှိစေရန် ရည်ရွယ်၍ သစ်တောသစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးများ၊ လူတွေအသက်ရှူနိုင်ဖို့ သစ်ပင်သည်အရေးကြီးဆုံးဖြစ်ကြောင်း၊ သစ်ပင်များကို အလွန်အကျွံခုတ်ခြင်းကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများ၊ မြေဩဇာ၊ ဓာတုပိုးသတ်ဆေး၊ ဆွေးမြေ့ရန်ခက်ခဲ့သော ပလတ်စတစ်အမှိုက်များ၏ မြေထုနှင့်ရေထုအပေါ် ဆိုးကျိုး သက်ရောက်မှုများ၊ လေထုညစ်ညမ်းမှုနှင့် ကမ္ဘာကြီး၏ ကျန်းမာရေးအကြောင်း စသည် တို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာ၀ပတ်ဝန်းကျင် စိမ်းလန်းဖို့ သစ်တောသစ်ပင်ထိန်းသိမ်းကြစို့ အသိပညာပေးနံရံကပ် စာစောင်နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာ နံရံကပ်စာစောင် ဆောင်ရွက်ထားရှိမှုများကို ပြသရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ  ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)