ပျော်ဘွယ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီအခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်

ပျော်ဘွယ် မတ် ၁၆

နွေရာသီအားလပ်ရက်တွင် လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်ရည်ရွယ်၍ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်ဖွင့်လှစ်သည့်  နွေရာသီအခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက မိမိတို့ဌာနတွင် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသကဲ့သို့ လူငယ်လူရွယ်များ အတွက်လည်း တတ်မြောက်ထားသင့်သည့် အကြောင်းအရာများကိုရွေးချယ်ကာ သင်တန်းများ ဖွင့်လှစ်ပေးနေမှုအခြေနေများ၊ ယနေ့အချိန်တွင် နွေရာသီကာလသည် အားလပ်ရက်ဖြစ်သောကြောင့် လူငယ်တွေအနေနဲ့ နည်းပညာဆိုင်ရာတွေသိရှိစေဖို့ရာ ရည်ရွယ်ပြီး အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြီး သင်တန်းကို ဆက်လက်ပို့ချသည်။

နွေရာသီအခြေခံကွန်ပျူတာသင်တန်းကို နည်းပြဆရာအဖြစ် ပြင်ပမှပညာရှင်တစ်ဦး၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူနှင့် ဝန်ထမ်းတစ်ဦးတို့က အခြေခံကွန်ပျူတာဆိုင်ရာ နည်းပညာရပ်များကို ဘာသာရပ်အလိုက်ပို့ချသွားမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းကို မတ်လ(၁၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ (၁၅)ရက်တာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၈)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)