Feb 11,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ သင်တန်းသားအမျိုးသမီးငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဝိုင်းဖွဲ့ဦးဆောင် ဆွေးနွေးသည့် အလေ့အထများ ရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေး ခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန်၊ အကောင်း၊ အဆိုး အမှား၊ အမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့်သတ္တိ ရှိစေပြီး နုတ်မှုစွမ်းရည်များ တိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်နာရီ ၁ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။