နမ့်ခမ်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

နမ့်ခမ်း ဧပြီ ၂၀

လူငယ်များ၏ အနာဂတ်လမ်းများ မပျောက်စေရန်၊ စာဖတ်အားကောင်းစေရန်နှင့် အချင်းချင်း အပြန်အလှန်ဆွေးနွေးတိုင်ပင်တတ်လာစေရန် ရည်ရွယ်ပြီး စာရေးဆရာဖေမြင့် ရေးသားသော “တန်ဖိုးထားအပ်သောအရာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က Youth Club အဖွဲ့ဝင်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး Youth Club အဖွဲ့ဝင်များဖြစ်သော လွေးရွှေဇင်ဖြိုးက “လေ့လာဆည်းပူးတတ်သည့် စိတ်ကို အစဉ်ထိန်းသိမ်းမွေးမြူခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လွေးအေသော်တာစန်းက “သူတစ်ပါးကိုပဲ လက်ညှိုးထိုးချင်သူ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဖတ်ကြားခဲ့ရာ လွေးခိုင်သဇင်ဦး၊ လွေးရည်မွန်ဆုလာဘ်နှင့် လွေးမိုးဟေမာန်ထက်တို့ကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်းနှင့် Youth Club အဖွဲ့ ဝင်များအချင်းချင်း ပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                     

ယင်းနောက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ခင်းကျင်းပြသ ထားသည့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် Mini Museum တွင် ခင်းကျင်းပြသထားသော တိုင်းရင်း သားရိုးရာ အသုံးအဆောင်ပစ္စည်းများကို စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)