ကျောက်တံတား မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနနှင့် Women Club၊ Youth Club Book Club အသင်းနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ ဆေးလိပ်၊ဆေးရွက်ကြီးနှင့် ၊ကွမ်းစားခြင်း၏ ဆိုးကျိုးများ မူးယစ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲတွင် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်းစားခြင်း၏ ဆိုးကျိုးများ၊ မူးယစ်အသိပညာပေး နံရံကပ်စာစောင်တွင် ပြသထားရာ ဝါသနာတူ Club အသင်းသား/သူများနှင့် ဌာနဆိုင်ရာများက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသ စာအုပ်များကိုလည်း ခင်းကျင်းပြသထားရာ သုတ၊ ရသ စာအုပ်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
လှလှထွေး