လဲချားမြို့နယ် (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

လဲချား မေ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က ကျင်းပခဲ့​ပါသည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (စာကြည့်တိုက်လက်ထောက်-၃) ဒေါ်ပိုပိုအောင်မှ ကျောင်းသား/ကျောင်းသူ လူငယ်များအား စာကြည့်တိုက်ကိုအသုံးပြုတတ်စေရန်၊ စာတော်ရုံသာ မဟုတ်ပဲ အဘက်ဘက်မှထူးချွန်သော ကျောင်းသား/ကျောင်းသူများ ဖြစ်ပေါ်လာစေရန် အတွက် ပြိုင်ပွဲများကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူ လူငယ်များမှ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၅)ဦးခန့် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

လဲချား(မြို့နယ်ပြန်/ဆက်)