ချမ်းအေးသာစံ မေ ၁၇
မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို မေလ ၁၇ ရက်နေ့ နေ့လည် ၁၁နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်က စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများကို ဆက်လက်ကျင်းပပေးခဲ့ရာ အမှတ် (၅) ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သရက်ပင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးက ဝင်ရောက်ယှဥ်ပြိုင် ခဲ့ကြသည်။
ထို့နောက် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ရုပ်သံကျွမ်းကျင် - ၃ ဒေါ်နီလာကျော်က ဆုရွေးချယ်သည့် စည်းမျဥ်းစည်းကမ်းများကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုခဲ့ကြပြီး စာထောက် - ၃ ဒေါ်မို့မို့အောင်က စာကြည့်တိုက် အသင်းဝင်ခြင်းနှင့် စာအုပ်ငှားရမ်းပေးခြင်းများအကြောင်း ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်