ပျဉ်းမနား မေ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားထားသည့် “တန်ဖိုးရှိသောနေ့” စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားထားသည့် “တန်ဖိုးရှိသောနေ့” စာအုပ်ပါ အကြောင်းအရာများအား မိတ်ဆက်ဆွေးနွေးခဲ့သည်။ ထို့နောက် ပျဉ်းမနားမြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ သဘာဝ၊ စာရေးဆရာ အိုင်ပီမျိုးအောင်၊ စာရေးဆရာ ဟန်ညွန့်(ယဉ်ကျေးမှု)၊ စာရေးဆရာ ဈာန်(စွမ်းအင်)၊ စာရေးဆရာမ မေချို(ပျဉ်းမနား)၊ စာရေးဆရာမ သက်သက်မွန်၊ စာရေးဆရာ မောင်လေပြ(တောင်တွင်း)၊ စာရေးဆရာ မောင်ကျော်ဇော(ရှင်မတောင်နံ့သာမြေ)၊ စာရေးဆရာ ကျော်လွင်မြင့်(မှော်ဝန်း)နှင့် စာပေဝါသနာရှင်များက စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားထားသည့် “တန်ဖိုးရှိသောနေ့” စာအုပ်ပါ အကြောင်းအရာများအား အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)