ချမ်းမြသာစည် ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်များစာပေလေ့လာဖတ်ရှုမှု ပိုမိုအားကောင်းလာစေရန်နှင့် အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့် စာပေစကားဝိုင်းကိုကျင်းပပြုလုပ်ခဲ့သည်။
စာပေစကားဝိုင်းတွင် ပညာရေး၏ အဓိပ္ပာယ်ဖွင့်ဆိုသည့်အချက်များ၊ ပညာကိုအကျိုးရှိရှိ အသုံးချတတ်စေရေး၊ လူငယ်များ ဘဝလမ်းခရီးလျှောက်လှမ်းသည့်အခါ အမှားအမှန် အကောင်းအဆိုးတို့ကို ကောင်းစွာဝေဖန်ပိုင်းခြားနိုင်ဖို့ ပညာကိုတတ်မြောက်အောင် သင်ယူသင့်ကြောင်း စသည်အကြောင်းအရာတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စာပေစကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Book Club) နှင့် သုခုမရင်ပြင်စာပေမှစာရေးဆရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး စကားဝိုင်းတွင် ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်း၊ ဒုတိယဦးစီးမှူးဒေါ်မြင့်ကေသွယ်ခိုင်၊ စာပေသုခုမရင်ပြင်မှ စာရေးဆရာဘုန်းဇော်မိုး (ဥဿာ)နှင့် စိုင်းမြတ်သူ (ရွှေဘို)တို့က ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စကားဝိုင်းကို အပတ်စဉ် အင်္ဂါနေ့တိုင်း ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
ကျော်စွာ (ချမ်း/စည်)