ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ခန္တီး ဇွန် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန (Community Centre) ခန်းမ၌ ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ (၂) နာရီ အချိန်က ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးနှင့် အတွေးအမြင်အသစ်များ တိုးတက်လာစေရန်အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် ဝန်ထမ်းများစုပေါင်း၍ စာဖတ်ဝိုင်းနွေးဆွေးပွဲ ပြုလုပ်ခဲ့ သည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဒုတိယ ဉီးစီးမှူး ဒေါ်အေးအေးခန့်က တာဝန်ထမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်တို့နှင့် သက်ဆိုင်သည့်စည်းကမ်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း (လုပ်သားရုပ်သံ) ဉီးအောင်လွင်ဉီးမှ အလုပ်ချိန်နှင့်သက်ဆိုင်သည့် စည်းကမ်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)