မင်္ဂလာတောင်ညွန့် ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့ နံနက် ၁၁ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် ခဲ့သည်။
မူးယစ်ဆေးဝါး၏ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးကြောင့်ဖြစ်ရသည့်ရောဂါများအကြောင်း၊ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အကြောင်း အရာများ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရာများ စသည့်တို့ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးက ဒေါ်ချစ်သဲ ဒုတိယဦးစီးမှုးနှင့် ဒေါ်ထူးထက်ကောင်းစံ စာကြည့်တိုက်လက်ထောက်-၃တို့က ဆွေးနွေးတင်ပြခဲ့ကြသည်။
အဆိုပါ Talk Show အစီအစဥ်များအပြင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် အစီအစဥ်များကို မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့စာကြည့်တိုက် facebook page ကတစ်ဆင့် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)