နမ့်ခမ်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

နမ့်ခမ်း ဇူလိုင် ၁၀

စာဖတ်ရှိန်မြင့်တင်နိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်များဖြင့် ကွင်းဆင်းဆောင်ရွက်ကာ စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က အောင်ချမ်းသာရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စာကြည့်တိုက်သို့ လာရောက်ရန် အချိန်မပေးနိုင်သည့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ရပ်ကွက်အတွင်းမှ ဒေသခံပြည်သူများအတွက် နယ်လှည့်စာကြည့်တိုက်များဖြင့် ကွင်းဆင်း၍ စာဖတ်သူ/ စာပေချစ်မြတ်နိုးသူများ စိတ်ကြိုက် သုတ၊ ရသ စာအုပ်/စာစောင်များကို ယူဆောင်၍ အခမဲ့ငှားရမ်းခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် စာပေ၏ အကျိုးကျေးဇူးများကို ရရှိလာစေရန်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်တွင် ဖတ်ရှုလေ့လာစရာ သုတ/ရသစာပေများ များစွာရှိသည်ကို သိရှိစေရန် ရည်ရွယ်၍ ယခုလို အိမ်တိုင်ရာရောက်၊ ဌာနဆိုင်ရာများရုံးများအရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။ 

နမ့်ခမ်း(ပြန်/ဆက်)