လဲချား ဇူလိုင် ၁၀
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည် ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၉) နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ(နောင်မိန်း)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးချမ်းငြိမ်းအောင်မှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ဒု-ပညာရေးမှူး ဒေါ်မြမြသန်းမှ ပညာရေးနှင့်ပက်သက်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်သော ကျောင်းသား/သူများဖြစ်စေရန် အသိပညာပေးဟောပြောခဲ့ပြီး၊ မြို့နယ်အားကစားမှူး ဦးထိန်လင်းမှ “လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ ခေါင်းဆောင်တစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ၊ ခေါင်ဆောင်မှု၏ လိုအပ်ချက်များ၊ ခေါင်းဆောင်တစ်ဦး၏ အကျင့်စရိုက်ဆိုင်ရာ ပြည့်စုံရမည့် တန်ဖိုးများ၊ ခေါင်းဆောင်များဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ခေါင်းဆောင်တို့ ပြည့်စုံရမည့် နာယကဂုဏ်(၆)ပါး စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လဲချား (မြို့နယ်၊ ပြန်/ဆက်)