သာကေတမြို့နယ် အမျိုးသမီးအသင်း(Women Club)အဖွဲ့မှ အိမ်တွင်းမှုသင်တန်းဖွင့်လှစ်

သာကေတ ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်၌ ယမန်နေ့နေ့လယ်(၁:၀၀)နာရီအချိန်၌ အမျိုးသမီး အိမ်တွင်းမှု သင်တန်းအဖြစ်( Tissue Box)ပြုလုပ်နည်း (၁)ရက် သင်တန်း(အခမဲ့)အားဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်(Women Club)တို့ပူးပေါင်း၍ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်တစ်ပိုင်းတစ်နိုင် အသက်မွေးဝမ်း ကျောင်းပညာများ ရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ရာ မြို့နယ်အမျိုးသမီးများအသင်း(Women Club) ဥက္ကဋ္ဌ ဒေါ်စန်းစန်းနွဲ့မှ စက္ကူ၊အဝတ်စဖြင့်အသုံးပြုကာ ပြုလုပ်ရသည့်( Tissue Box) ပြုလုပ်နည်းအဆင့်ဆင့်အား ညနေ(၄:၀၀)နာရီအထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့ရာ မြို့နယ် (Women Club) အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် အမျိုးသမီးများ အသင်း (Women Club)တို့ပူးပေါင်း၍ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ပိုင်း တစ်နိုင် အသက်မွေးဝမ်းကြောင်း ပညာအိမ်တွင်းမှုသင်တန်းများအား (အခမဲ့) ဖွင့်လှစ်လျက်ရှိရာ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)