ကာလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကာလိ ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၀၉း၀၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ စာရေးဆရာ မောင်ကျေးဇူး ရေးသားထားသော “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က မျိုးဆက်သစ်လူငယ်လူရွယ်များ အတွေးအခေါ်အယူအဆ မှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားတက်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး “ရွံစရာ မူးယစ်ဆေးဝါး ဝေးစွာရှောင်ရှား” ခေါင်းစဉ်ဖြင့် ဦးဆောင်ဖတ်ကြားပြီး Grate-10 မှ မနန်းခမ်းလိန်က “မူးယစ်ဆေးဝါးအလွဲသုံးစား၊ ဆုံးပါးအသက်တို” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်စိုင်းဆိုင်စွမ်က “မူးယစ်ဆေးဝါးအလွဲသုံးစားမှု” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မနန်းလောင်ခေးက “အစက ကျွန်မနှင့် သင့်သလိုလို” ခေါင်းစဉ်းပါအကြောင်းအရာများကို ဖတ်ကြားပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက အပြန်အလှန်ဆွေးနွေးခဲ့ပြီး လူငယ်များ၏ ဆွေးနွေးချက်များကို မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှက့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများကို အသိပညာဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်စာစောင်များ စုံလင်စွာ ခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)