နမ့်ခမ်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

နမ့်ခမ်း ဩဂုတ် ၄

ကျောင်းသားလူငယ်များ အမျိုးသားယဉ်ကျေးမှုလက္ခဏာများကို ထိန်းသိမ်းကာကွယ် စောင့် ရှောက်နိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ ယမန်နေ့မွန်းလွဲ (၁၄)နာရီအချိန်က ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက ဟောပြောပွဲ ကျင်းပဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး နမ့်ခမ်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်သက်ထားလှိုင်က အမျိုးသမီးငယ်များ၏ ဝတ်စားဆင်ယဉ်မှုဆိုင်ရာများ၊ ကိုယ်နှုတ်အမူအရာ ယဉ်ကျေးမှုဆိုင်ရာများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အကြီးတန်းစာရေး ဦးမိုင်းနိုင်ဒါန်းဝင်းက ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများကိုလည်းကောင်း အသီးသီးဟောပြော ဆွေးနွေးပေးခဲ့ကြကြောင်း သိရ သည်။

ထို့နောက် အမျိုးသမီးငယ်များအတွက် အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကျောင်းသူများကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်၊၊ ယင်းနောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့  နှာခေါင်းစည်း Mask (၂)ဗူး၊ Hand Jel (၄) ဗူးကို မြို့နယ်အမျိုးသမီးရေးရာ အတွင်းရေးမှူး ဒေါ်သက်ထားလှိုင်က လှူဒါန်းပေးအပ်ခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းနှင့် ကျောင်းဆရာမများကလည်း သူမ၏ တပည့်ငယ်များ ယခုလို အသိပညာပေးဟောပြောပွဲများမှ ရရှိခဲ့တဲ့ ဗဟုသုတများကို စာစီစာကုံးပြိုင်ပွဲများတွင် ပြန်လည်အသုံးချနိုင်မည်ဖြစ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

နမ့်ခမ်း(ပြန်/ဆက်)