နယ်ရုံးများ၏သတင်းများ

Jul 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jul 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လစဥ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Jul 03,2023
ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်း ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
Jul 02,2023
ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများနှင့် ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ လုပ်ငန်းများအား ဝန်ထမ်းတိုင်း သိရှိနားလည်သဘောပေါက်စေရန်နှင့် ဘဏ္ဍာငွေများကို ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိင်စေရန် ရည်ရွယ်၍ ငွေစာရင်းထိန်းသိမ်းနည်း လက်စွဲစာအုပ်ကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများစုပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူး​ပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ​​အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်နှိမ်နင်း​ရေး အသိပညာ​ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်​​​နေ့နံနက် ၉ နာရီအချိန်က ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန “Community Center’’ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 02,2023
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဆပ်ပြာဆီလုပ်နည်းသင်တန်းကို ယမန်နေ့ Community  Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 30,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မိုင်းခတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 30,2023
အနာဂတ် လူငယ်လူရွယ်များ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က အေးမြသာယာတွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲသည်။