ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ကမမောင်း စက်တင်ဘာ ၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်     စာရေးဆရာချစ်နိုင်(စိတ်ပညာ) ​ရေးသားသော အသက်နှစ်ဆယ်အရွယ်များသို့ စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌     စာဖတ်ဝိုင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃(အင်အားပြ)ဒေါ်တင်တင်လှက    ပြည်သူများအနေဖြင့် အသိပညာဗဟုသုတဖွံ့ဖြိုးလာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ် ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး စာဖတ်ဝါသနာရှင်တစ်ဦးက "လူငယ်များတွင်စွန့်စားချင်သောသတ္တိရှိကြကြောင်း၊ လူငယ်များတွင် စူးစမ်းချင်သော စိတ်ရှိကြကြောင်း၊ လူငယ်များသည် အနာဂတ်ကိုပိုမိုသာယာလှပအောင် ထူထောင်ဖန်ဆင်းနိုင်ကြဦးမည်ဖြစ်ကြောင်း၊ အချို့ကမူရေစုန်မျောပြီး သူ့ဘဝ၊ သူ့အတွက်ကိုသာကြည့်ကာ ရေသာခိုမည့် သူလဲရှိနိုင်ကြောင်း၊ နိုင်ငံအတွက် လူမျိုးအတွက် သူ၏ဘဝနှင့် အသက်ကိုပါ ရွံ့ကြောက်ခြင်းအလျဥ်းမရှိ စွန့်လှူပေးဆပ်ကြမည့်သူတွေလည်း မြောက်မြားစွာ ရှိနိုင်ကြောင်း၊ လူငယ်တို့၏ စွမ်းအားကို လျှော့တွက်၍ မရကြောင်း၊ လူငယ်ထုသည် တစ်ဦးချင်းသော်လည်းကောင်း၊  စုပေါင်း၍သော်လည်းကောင်းသမိုင်းသစ်စာမျက်နှာများကို  ပါဝင်ရေးသားမည့်သူများဖြစ်ကြောင်း"  စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော စာဖတ်ဝါသနာရှင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သန့်ဇင်(ကမမောင်းပြန်/ဆက်)