တောင်တွင်းကြီး စက်တင်ဘာ ၇
တောင်တွင်းကြီးမြို့နယ်၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အဆင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက အဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ၊ အဂတိ လိုက်စားမှုဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ သိကောင်းစရာများ ဆွေးနွေးပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးကျော်စိုးအောင်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဥပဒေ၊ နည်းဥပဒေဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း ရှင်ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)