နမ့်စန်(တ) စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအတွက် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က(နမ့်စန်)ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်က အသိပညာပေးဟောပြောပွဲဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူကုန်ကူးခံရခြင်းအကြောင်းအရင်းများ၊ လူကုန်ကူးခံရခြင်း၏ဆိုးကျိုးများ၊ ထိခိုက်မှုများ၊ လက်ရှိလူကုန်ကူးမှုဖြစ်ပွားနေမှုအခြေအနေများနှင့် လူကုန်ကူးခံရမှု ပုံစံအမျိုးမျိုး၊ လူကုန်ကူးခံရမှုမှကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန်များနှင့် လူကုန်ကူးမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲသို့ မြို့နယ် လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဆုဝေဝေဖြိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာဝင်းနှင့် အဖွဲ့ဝင်များ၊ အ.ထ.က(နမ့်စန်)မှဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)