စမ်းချောင်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ

စမ်းချောင်း အောက်တိုဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၃  ခုနှစ် အောက်တိုဘာလ ()ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်  အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို  စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ကျင်းပ‌ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင်  အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ‌လေးများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးမျိုးမြင့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ထံမှပေးပို့သည့်    ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သဝဏ်လွှာကိုဖတ်ကြားခြင်း၊ စမ်းချောင်းမြို့နယ်ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ဦးက ကုလသမဂ္ဂလက်အောက်ခံအဖွဲ့()ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သည့် စုပေါင်းသဝဏ်လွှာတို့ကို ဖတ်ကြားပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဆရာကြီး/ဆရာမကြီးများကို  ဆရာ/ဆရာမများက  မေတ္တာဖျန်းမှလန်းဆန်းမယ် သီချင်းသီဆိုဖျော်ဖြေပြီး   ဆရာကြီး/ဆရာမကြီးများကို တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် ကန်တော့ခဲ့ကြကြောင်း သိရသည်။

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမျိုးမြင့်၊ အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၀)ဦး ခန့် တက်ရောက်ကြကြောင်း သိရသည်။

နီလာစိုး