နယ်ရုံးများ၏သတင်းများ

Sep 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်းက စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Woman Club အဖွဲ့တို့ပူးပေါင်းပြီး စာရေးဆရာဆင်ဖြူကျွန်းအောင်သိန်းရေးသားသော ‟ ကျေးလက်ရိုးရာ မြန်မာမှုဓလေ့များ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြသည်။
Sep 26,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က စာ​​ရေးဆရာ မခင်စောတင့်​ရေးသားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစု” စာအုပ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
Sep 26,2023
“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံး ပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများပြည့်စုံ ကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က မှော်ဘီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြောင်းတကာ) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Sep 26,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (လူထုအခြေပြုဗဟိုဌာန) ၌ ယနေ့ နေ့လယ် (၃) နာရီက စာပေချစ်မြတ်နိုးသူများ အဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ စာရေးဆရာမ ခင်စောတင့်၏ “စိတ်ကို လှပအောင်ပြုပြင်နည်း” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
Sep 25,2023
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်စာ ပေချစ်သူများအဖွဲ့က ဆရာမခင်စောတင့် ရေးသားထားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများစာအုပ်ကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်ခန့်က ပုလောမြို့နယ် Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 25,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းအခမ်းအနားကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ကင်းသာကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ကင်းသာ)၊ ကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Sep 25,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန(မိုင်းခတ်)သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 25,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက်လုပ်ငန်းကော်မတီမှ စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြီးမှူးကျင်းပသည့် တတိယအကြိမ် စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါ ကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။